The best speech for today.
- Khin Maung Thet
- Dec 21, 2022
- 1 min read
♦️♦️ယနေ့အကြိုက်ဆုံးစကား♦️♦️
(၁) ထက်မြက်တာနဲ့ အထက်စီးကဆက်ဆံတာ မတူပါ။
(၂) စွာတာနဲ့ မိုက်ရိုင်းတာ မတူပါ။
(၃) နားလည်အောင်ရှင်းပြတာနဲ့ ဆရာလုပ်တာ
မတူပါ။
(၄) ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာနဲ့ ဘဝင်မြင့်တာ မတူပါ။
(၅) ဝေဖန်တာနဲ့ မကောင်းပြောတာ မတူပါ။
(၆) စတာနဲ့ လှောင်တာ မတူပါ။
(၇) မှန်တာ ပြောတာနဲ့ အငြင်းသန်တာ မတူပါ။
(၈) လုပ်သင့်တာကိုလုပ်တာနဲ့ အရေးမပါတာကို ပုံကြီးချဲ့လုပ်တာ မတူပါ။
(၉) ရင်ဖွင့်တာနဲ့ အတင်းပြောတာမတူပါ။
(၁၀) အကြံဉာဏ်ပေးတာနဲ့ ဝင်ရောက်စွက်ဖက်တာ မတူပါ ။
KKL ……….
Comments