ဆုံဆည်းခြင်းဆိုတဲ့ ကံလေးရှိသလောက်ပေါ့။ ရင်းနှီးချစ်ခင်ခွင့်ဆိုတဲ့ ကံလေးရသလောက်ပေါ့...။ ကံတွေကုန်သွ
- Khin Maung Thet
- Dec 19, 2022
- 1 min read
ဆုံဆည်းခြင်းဆိုတဲ့
ကံလေးရှိသလောက်ပေါ့။
ရင်းနှီးချစ်ခင်ခွင့်ဆိုတဲ့
ကံလေးရသလောက်ပေါ့...။
ကံတွေကုန်သွားတဲ့အခါ
နာကျင်စရာအမုန်းတွေမပါလည်း
စိတ်နာစရာအကြောင်းတွေမရှိလည်းပဲ
ကံရဲ့အထိုက်အလျှောက်...
တစ်စတစ်စနဲ့..ငါတို့
မသိမသာဝေးသွားကြလိမ့်မယ်....။
ဒါကိုလက္ခံပါ
ဝေးကွာခြင်းတွေမှာ
နားလည်မှုတွေထားရှိပါ..။
ကံကြုံလို့ပြန်ဆုံတဲ့အခါ
ပြုံးပြခွင့်ရယ်မောခွင့်တွေ
တစ်ခါပြန်လည်လို့
အသက်ဝင်ခွင့်ရတယ်ဆိုတာ
နည်းတဲ့ကုသိုလ်ရေစက်လား...။
ခွဲခွာကြရမယ်ဆို
အမုန်းမပါတဲ့ခွဲခွာခြင်းများနဲ့ခွဲခွာရပြီး..
အငြိုးမပါတဲ့ဆုံဆည်းခြင်းမျိုးနဲ့သာ
ဆုံဆည်းနိုင်ကြပါစေ...။
သံသာရှင်းထက်
အတွေးအမြင်ရသစာစုများ
Comments